၂၀၁၇-ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သော ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားနှင့် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခြင်း



M3

ရန်ကုန်၊ ဇန်နဝါရီ ၁၈

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော၊ တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဂုဏ်ပြုဆုများချီးမြှင့်သည်။

M2

Untitled-1     SarpayAward

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် အခြေခံပညာ မြန်မာစာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ သို့တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဆုများကိုချီးမြှင့်ခဲ့သည်။

DBE

Award    B2     B4     SarPay Family



Bookmark the permalink.

Comments are closed.